ခေတ်ဝန် (၁၉)

ကြေးမုံသတင်းစာ စောင်ရေတစ်ဟုန်တိုး တိုးလာနေခိုက်မှာပဲ ၁၉၅၈ ခုနှစ် စက်တင်ဘာလမှာ ဗိုလ်ချုပ်နေ၀င်းရဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

ဗမာပြည်နိုင်ငံရေးမှာ ပါလီမန်ဒီမိုကရေစီဆိုပြီးတော့ ပြည်သူ့ရဲ့ဆန္ဒနဲ့အညီ သွားနေတဲ့စနစ်ကို ဖြိုဖျက်ဖို့ စစ်တပ်က စပြီးတော့ ခြေလှမ်းလှမ်းတဲ့ အာဏာသိမ်းမှုပဲ ခေါ်ပါပေါ့ဗျာနော်၊ အဲဒီအချိန်တုန်းက သုံးတဲ့စကားလုံးကတော့ အာဏာလွှဲပြောင်းမှုပေါ့ဗျာ။ ပေါ်လာတဲ့အကြောင်းကလည်း ဦးနုကနေပြီးတော့ အာဏာသိမ်းမယ်ဆိုတာကို သူတို့မိတ္ထီလာမှာ တပ်မှူးများညီလာခံလုပ်တယ်၊ အဲဒီကသတင်းက

ခေတ်ဝန် (၁၈)

ကြေးမုံသတင်းစာအယ်ဒီတာဘ၀နဲ့ မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တချို့ကို ဦးဝင်းတင်က ပြန်လည်တူးဖော်ခဲ့ပါတယ်။

 ဒဂုန်တာရာက အဲဒီအချိန်တုန်းက ဆောင်းပါးတွေဘာတွေ ရေးနေတယ်။ ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့ထဲမှာလည်း ဒဂုန်တာရာနဲ့ပတ်သက်ပြီးတော့ မကြေညက်တဲ့ လူတွေ၊ အယူအဆပိုင်းဆိုင်ရာတွေပေါ့ဗျာ ရှိတယ်။ ဆိုပါစို့ဗျာ၊ ဥပမာ စိန်ခင်မောင်ရီလိုပုဂ္ဂိုလ်မျိုးတွေက ဒဂုန်တာရာတို့ကို သိပ်ပြီးတော့ မလိုလားဘူးဗျ။ အဓိကအကြောင်းကတော့ သူတို့ စာရေးဆရာအသင်းက ဂယက်တွေဘာတွေ ဖြစ်မှာပေါ့ဗျာ။ စာရေးဆရာ အသင်းမှာလည်း သူတို့ အစုအဖွဲ့အလိုက် ရပ်တည်ချက်တွေ၊ သဘောထားတွေ၊ ကွဲလွဲမှုတွေကလည်း

ခေတ်ဝန် (၁၇)

ဥရောပတိုက်မှာရှိစဉ် ၁၉၅၆ ခုနှစ် ဟန်ဂေရီတော်လှန်ရေးနဲ့ ကြုံတွေ့ရတဲ့အခါ ဦးဝင်းတင်ရဲ့ ဘ၀အမြင်၊ ဘ၀အတွေးတွေ အများကြီးပြောင်းလဲသွားခဲ့ပါပြီ။

အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ တစ်ပါတီစနစ် စတဲ့ အလွန်ကြီးမားတဲ့ အင်ပါယာလိုဟာမျိုးကြီးပေါ့ဗျာ၊ လက်နက်နိုင်ငံတော်လိုဟာကြီးကို လူတွေ တွန်းလှန်ကြတာ၊ ဆန့်ကျင်ကြတာ အမြင်အသိတွေ ကျွန်တော့်ရင်ထဲမှာ သွားပြီးတော့ စွဲငြိသွားတဲ့အခါကျတော့ ကျွန်တော် ဒီစာပေဗိမာန်လိုနေရာမျိုးမှာ ကျွန်တော် လခလေးယူပြီးတော့ဟုတ်လား၊ စာအကြောင်းပေအကြောင်းလေးရေး၊ လူတွေသိသင့်တဲ့ဟုတ်လား ၀တ္ထုတို့ စာပေတို့ အဲဒါလေးတွေ ဘာသာပြန်၊ ဆိုတဲ့အနေနဲ့ ကျွန်တော် မနေချင်တော့ဘူးဗျ။ ကျွန်တော်လုပ်စရာတွေ အများကြီးရှိပါလား။ ဟိုကဗျာဆန်ဆန်ပြောရမယ်ဆိုရင် ခေတ်တစ်ခုကနေပြီးတော့ ပေးတဲ့တာဝန်ကို ထမ်းပြီးတော့ ခေတ်လမ်းပေါ်မှာ ငါလျှောက်ရမှာပါလားဆိုတဲ့ အသိကို ရလာတယ်ပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော် ပြန်ရောက်တာနဲ့တစ်ပြိုင်နက် စာပေဗိမာန်က ထွက်တယ်ဗျ။ ကျွန်တော်က ပြန်ပြီးရောက်တဲ့အခါကျတော့ ကြေးမုံသတင်းစာက ထွက်တဲ့ကာလက

စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း

၁၉၇၂ ခုနှစ် နိုင်ငံတကာစာအုပ်နှစ် အထိန်းအမှတ်စာတမ်းများ (မန္တလေး)

◄ ဦးဝင်းတင် ►


(၁)

စာဖတ်အလေ့ဆိုတာက စာအုပ်စာတမ်းတွေကို အခိုက်အခါအလျောက် ကောက်ကိုင်ဖတ်ရှုတဲ့ အလေ့အထ ဖြစ်ပါတယ်။ စာဖတ်ဝါသနာဆိုတာကတော့ စာအုပ်စာတမ်းတွေကို နှစ်လိုနှစ်ခြိုက်ဖတ်ရှုတဲ့ အစွဲအလမ်း ဖြစ်ပါတယ်။ စာဖတ်အကျင့်ဆိုတာကတော့ စာအုပ်စာတမ်းတွေကို အစဉ်တစိုက် အရူးအမူး ဆည်းပူးတဲ့အကျင့် ဖြစ်ပါတယ်။

စာဖတ်သူတိုင်း စာဖတ်အလေ့၊ စာဖတ်ဝါသနာ၊ စာဖတ်အကျင့်ကို မရနိုင်ပါဘူး။ စာဖတ်ချင်စိတ်တွေကို စေ့ဆော်နိုင်တဲ့ ပုံပြင် ဒဏ္ဍာရီတွေထဲမှာ စွဲလမ်းမှုလည်း ရှိဦးမှ၊ စာအုပ်လည်းရှိဦးမှ၊ စာအုပ်နဲ့လည်း ရေစက်ဆုံဦးမှ၊ ဗဟုသုတရှာချင်တဲ့စိတ်ဓာတ်အခံကလည်း ရှိဦးမှ ဖြစ်နိုင်ပါတယ်။

ခေတ်ဝန် (၁၆)

အဲဒီသတင်းစာနဲ့ပတ်သက်လို့ နောက်ပိုင်းကျတော့ ပြဿနာတွေတော့ အတော်တက်တာပေါ့ဗျာ။ အဲဒီခေတ်တုန်းကပေါ့ဗျာ။ အခုခေတ်လောက်တော့ မဆိုးဘူးပေါ့ဗျာ။ အခုခေတ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေတို့၊ ခင်ဗျားတို့ ရေဒီယိုတွေမှာ၊ အနောက်နိုင်ငံတွေမှာ ခဏခဏပြောနေသလို စစ်အစိုးရလက်ထက်မှာ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေမှု စသည်ပေါ့ဗျာ။ ဒီလို တစ်ခါတည်းကို လူတွေခံစားမှုတွေပေါ့ဗျာ လယ်သမားခံစားရတာ၊ အလုပ်သမား ခံစားရတာ၊ စက်ရုံအလုပ်ရုံတွေမှာ ပြဿနာဖြစ်တာဆိုတဲ့၊ ဒီလောက်ကြီးကျွန်တော်တို့ဖြစ်တာ မဟုတ်ပေမဲ့လို့ တိုင်းပြည်တစ်ပြည်အနေနဲ့ ပြဿနာဆိုတာကတော့ ရှိတာချည်းပေါ့ဗျာ။ အဲဒီအချိန်လောက်တုန်းက ၁၉၅၆ တစ်ဝိုက်မှာ ဒီ ဖဆပလက ရွေးကောက်ပွဲလုပ်တော့ ဖဆပလထဲမှာလည်း၊ လူတွေကသိပ်ပြီးတော့ ဖဆပလကို မထောက်ခံချင်ကြဘူး။ နည်းနည်းယိမ်းယိုင်လာတဲ့အခါကျတော့

ခေတ်ဝန် (၁၅)

“သမ္မာမိတ္တ” ကာလမှာ ကျွန်တော်တွေ့ခဲ့ပုဂ္ဂိုလ်တွေက ထူးထူးခြားခြားဆိုရင်တော့ဗျာ၊ “ဒေါက်တာမောင်မောင်” ကို ကျွန်တော်ထည့်ပြောရမယ်ဗျ။ ဒေါက်တာမောင်မောင်ကလည်း အဲဒီအချိန်တုန်းက သူက အင်္ဂလန်မှာနေတယ်၊ ဥပဒေပညာနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ တက်နေတယ်၊ ကျောင်းတက်နေတယ်။ အဲတစ်ခါ တစ်ချိန်တည်းမှာပဲ သူက၊ ပါမောက္ခကျမ်းပြုတဲ့စာတမ်းကို ဟော်လန်မှာလုပ်တယ်ဗျ။ ဒေါက်တာမောင်မောင်က ကျွန်တော်တို့ ဟော်လန်ကို မကြာခဏရောက်တယ်။ ကျွန်တော်နဲ့ မကြာခဏ တွေ့တယ်။ အဲဒီမှာလည်း ကျွန်တော်နဲ့ တော်တော်ကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးဖြစ်တယ်။ ဒေါက်တာမောင်မောင်က ကျွန်တော့်ရဲ့ ဆရာမဖြစ်ဖူးဘူး။ ဒါပေမဲ့

ခေတ်ဝန် (၁၄)

သိတဲ့အတိုင်းပဲ စာပေဗိမာန်ဆိုတာက ဘာသာပြန်စာပေအသင်းပေါ့ဗျာနော်။ စစချင်းလုပ်တဲ့ပုံစံက ကမ္ဘာ့ရဲ့ အသိပညာအတတ်ပညာတွေကို အင်္ဂလိပ်ဘာသာနဲ့ရှိရာကနေပြီးတော့ မြန်မာဘာသာကိုပြန်ဖို့ဆိုတဲ့ လုပ်ငန်းအနေနဲ့ လုပ်တာဗျ။ အဲဒီတော့ လုပ်ရင်းလုပ်ရင်းနဲ့ တခြားစာအုပ်စာတမ်းတွေ ထုတ်ဖို့ကိစ္စဘက်ကို ပြောင်းသွားတယ်။ စာပေဗိမာန်ရဲ့ မူလတာဝန်ဖြစ်တဲ့ မြန်မာဘာသာနဲ့ ပြန်ဖို့တဲ့အပိုင်းက နည်းနည်းလေး နောက်ပိုင်းမှာ လျော့သွားတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော် အဲဒီရောက်ခါစအခြေအနေအထိကတော့ သိပ်ပြီးလျော့လှတယ် မရှိသေးဘူးဗျ။ စာရေးဆရာကြီးတွေလည်း ရှိသေးတယ်ဗျာ။ ဒေါ်ခင်မျိုးချစ်တို့၊ ဆရာမောင်ထင်တို့၊ စတဲ့ပုဂ္ဂိုလ်ကြီးတွေလည်း စာပေဗိမာန်မှာ ၀င်ပြီးတော့ ပါဝင်ဆောင်ရွက်နေကြတယ်။